Wednesday, 14 May 2014

SAMSUNG GALAXY WONDER GT-I8150 ကို Root ပြီး CWM သွင်းနည်း

Cbox မှာ GT-I8150 အတွက် CWM တောင်းထားတာနဲ့ ဒီပို့စ်ကို တင်ဖြစ်တာပါ.. CWM သွင်းဖို့ Root လိုအပ်မှာဖြစ်ပါတယ်.. GT-I8150 ကို Root နည်း ၂ နည်းနဲ့ Root နိုင်ပါတယ်.. ထုံးစံအတိုင်း ဖုန်းအတွက် Driver တင်ထားပြီးသားဖြစ်ရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းပါ ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ထားပြီးသားဖြစ်ရပါမယ်.. လုပ်နည်း ဒီမှာ ကြည့်ပါ.. လုပ်ပြီးသွားရင် စမယ်..

နည်း ၁
====
DooMLoRD_v4 နဲ့ Root နိုင်ပါတယ်..


နည်း ၂
====
1. ပထမဆုံး လိုအပ်တဲ့ ဖိုင် ကို အောက်ကလင့်မှာ ဒေါင်းပါ..
ပြီးရင် ဖုန်းရဲ့ SD Card ထဲထည့်လိုက်ပါ..
2. ဖုန်းကိုပါဝါပိတ်ပါ.. ပြီးရင် Volume Down + Home + Power ခလုတ်သုံးခုကို တွဲပြီး နှိပ်ထားလိုက်ပါ..

စက္ကူပုံးလေးနဲ့ စက်ရုပ်ကလေးပေါ်လာရင် ခလုတ်တွေကိုလွှတ်လိုက်ပါ.. စာတွေအများကြီး မြင်ရပါမယ်.. မမြင်ရရင် ဖုန်းရဲ့ Menu ခလုတ်ကို ထပ်နှိပ်နှိပ်ပါ.

3. ပေါ်နေတဲ့စာကြောင်းတွေမှာ Apply From SD Card ကိုရွှေ့ပါ. ရွှေ့ဖို့ Volume Up နဲ့ Volume Down ခလုတ်တွေကိုသုံးပါ.. ရောက်ပြီဆိုရင် Home ကိုတစ်ချက်နှိပ်ပါ..
4. ထပ်ပေါ်လာတဲ့ စာကြောင်းထဲမှာ ဒေါင်းထားတဲ့ Update.zip ကိုရောက်အောင်ရွှေ့ပြီး Home ကိုနှိပ်လိုက်ရင် Root နေပါမယ်.
5. Root ပြီးသွားရင် Reboot System Now ဆိုတဲ့စာကြောင်းပေါ်ကို ရောက်နေပါမယ်.. မရောက်ရင် ရောက်အောင်ရွှေ့လိုက်ပြီး Home ကိုနှိပ်လိုက်ပါ.. ဖုန်း ပြန်ပွင့်လာရင် Root ပြီးပါပြီ..

CWM တင်နည်း
 1. လိုအပ်တဲ့ဖိုင် (၃)ဖိုင်ကို ဒေါင်းပါ.. Driver နဲ့ Odin ရှိပြီးသားဆို မလိုပါဘူး..
2. ဖုန်းကို ပါဝါပိတ်ပါ... Volume Up + Home + Power ကိုတွဲနှိပ်ထားလိုက်ပါ.. Samsung Logo တက်လာပြီးရင် ခလုတ်တွေလွှတ်ပြီး Volume Up ကိုတစ်ချက်နှိပ်လိုက်ပါ. Download Mode ကိုရောက်နေပါပြီ.. ကွန်ပျူတာနဲ့ချိတ်လိုက်ပါ..
3. Odin ကို Run လိုက်ပါ. Odin ရဲ့ ဘယ်ဘက်ထောင့်နားမှာ အစိမ်းလေးပေါ်ရင်ဖုန်းကို Odin ကသိပါပြီ..
4. Odin ရဲ့ PDA ကိုနှိပ်လိုက်ပြီး ကျလာတဲ့ဘောက်ထဲမှာ ဒေါင်းပြီးဖြည်ထားတဲ့ recovery-clockwork-5.5.0.4-ancora.tar ကိုရွေးပေးလိုက်ပြီး Start ကိုနှိပ်ပေးလိုက်ပါ.. ခဏကြာရင် Odin ရဲ့ဘယ်ဘက်အပေါ်ထောင့်နားက အစိမ်းကွက်ထဲမှာ Pass လို့ပြသွားရင်လုပ်ငန်းစဉ်ပြီးပါပြီ.. ဖုန်းကို Restart တစ်ခါ ချပေးလိုက်ပါ... ဒါဆိုရင်တော့ Custon ROM တွေထည့်ဖို့ CWM တင်ပြီးသွားပါပြီ..



အဆင်ပြေပါစေ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...