Thursday, 15 May 2014

Samsung Galaxy Ace Plus S7500 ကို CWM သွင်း၊ Root ပြီး Android 4.2.2 Jellybean Custom ROM တင်ရအောင်




ဇော်ဇော်ထက်း အကိုပေါက်ရေ…
သူများတွေတောင်းသလို ကျတော်လည်းတစ်ခုလောက်တောင်းချင်တယ်
samsung glaxy series ချင်းအတူတူ aceတို့ ace 2တို့က jelly beanရပြီး ကျတော်တို့ ace plus(s7500)ကောjelly တင် လို့မရဘူးလား. သူများတွေဖုန်းကို jelly ကျွေးတော့ ကျတော်လည်းကျွေးချင်တယ်ဗျာ. ace plus အတွက် jelly bean ရမယ်ဆိုရင် တင်ပေးပါဦးခင်ဗျာ
ကိုပေါက်ကို အစဉ်အားပေးလျက်…… 

****
Samsung Galaxy Ace Plus S7500 မှာ Jelly Bean 4.2.2 Version လေးနဲ့ လန်းချင်ပါတယ်ဆိုသူများအတွက် တင်ပေးလိုက်ပါပြီဗျာ... ဒါကို မလုပ်ခင် သတိထားရမှာက 4.2.2 ဟာ Custom ROM ဖြစ်တဲ့အတွက် ပြုလုပ်သမျဟာ မိမိသဘောသာဖြစ်ပြီး ပြဿနာ တစ်စုံတစ်ရာအတွက် ပို့စ် တင်သူက တာဝန်ယူမှာမဟုတ်ပါဘူး..
လိုအပ်တဲ့အချက်အလက်တွေကတော့
(၁) ကွန်ပျူတာမှာ Driver တင် ထားရပါမယ်..
(၁) CWM Recovery Mode သွင်းရပါမယ်
(၂) နောက်ဆုံးအဆင့် Jelly Bean 4.2 သို့ အဆင့်မြင့်တင်ခြင်း ဖြစ်ပါတယ်... ဒီအချက်အလက်တွေကိုမပြုလုပ်ခင်မှာ မိမိဖုန်းရဲ့ အရေးကြီးတဲ့ Message တွေ.. Contact တွေ ကိုသေချာမှတ်ထားပါ..

ကဲ စပါမယ်.. SD Card ကို Format ရိုက်လိုက်ပါ.
လိုအပ်တဲ့ Driver ကို ဒီမှာ ရှာဒေါင်းပြီး Install လုပ်ထားပါ..  
-------
CWM Recovery Mode သွင်းရပါမယ်
1. အရင်ဆုံးအောက်ကလင့်မှာ ဖိုင် (၄)မျိုးကို ဒေါင်းလိုက်ပါ..
2. ဒေါင်းပြီးရင် Odin ကို ဖြည်လိုက်ပါ.. 
3. cwm-trebon.zip ကိုဖြည်ပြီး Odin 3 ဆိုတဲ့ Folder ထဲကို ပို့ထားလိုက်ပါ..

4. Odin.exe ကို Run ပါ.. ပြီးရင် Auto Reboot , F.Reset Time နဲ့ PDA ကို အမှန်ခြစ်ထားလိုက်ပါ..


5. ဖုန်းကို ပါဝါပိတ်ပြီး ဖုန်းမှာ Volume Down Key + Home Key + Power Button တွေကို တစ်ပြိုင်တည်း ဖိထားလိုက်ပါ.. Warning တက်လာရင် Volume Up ကို တစ်ချက်နှိပ်လိုက်ပါ.. Download Mode ကိုရောက်ပါပြီ.. ဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာမှာ ချိတ်ပါ.. Odin မှာ အ၀ါရောင်လေးသမ်းလာပြီဆိုရင် ဖုန်းကို Odin ကသိပြီ.. မသိသေးရင် Driver ကို ပြန်စစ်ပြီး ပြန်လုပ်ပါ..
6. Odin က ဖုန်းကိုသိပြီဆိုရင် Odin ထဲက Start ဆိုတာကိုနှိပ်ပေးလိုက်ပါ.. Odin က အလုပ်လုပ်သွားပြီး ဖုန်းက Restart ကျသွားပါတယ်.. ပြန်တက်လာရင် CWM သွင်းပြီးပါပြီ...
---------------------------------------------
Root နည်း အသစ် ( SuperUser အသစ် )
1. ပထမအဆင့်တုန်းက Download လုပ်ထားတဲ့အထဲမှာ SuperSU-v1.25.zip နဲ့ Busybox.zip ဆိုတာ ပါပါတယ်.. အဲဒီဖိုင်တွေကို မဖြည်ဘဲ ဖုန်းမှာထည့်တဲ့ SD Card ထဲကို ထည့်ပြီး ဖုန်းထဲကို ထည့်ထားလိုက်ပါ..
2. ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume Up Key + Volume Down Key + Home Key + Power Button တွေကို တစ်ပြိုင်တည်း ဖိထားလိုက်ပါ.. 
3. CWM ရဲ့ Menu တွေ ပေါ်လာမှာဖြစ်ပါတယ်.. Volume Up နဲ့ Volume Down ခလုတ်တွေသုံးပြီး Install Zip From SDcard ဆီကိုရွှေ့လိုက်ပါ. ရောက်ရင် Home ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ.. 
4. SD Card ထဲက SuperSU-v1.25.zip ကိုရောက်အောင်ရွှေ့ပြီး Home ကိုတစ်ချက်နှိပ်ပါ. Warning တက်လာရင် Yes ကိုရွေးလိုက်ပါ..  ပြီးသွားရင် Reboot ကို မနှိပ်ပါနဲ့အုံး.. 
5. ဒီတစ်ခါ SD Card ထဲက BusyBox.zip ကိုရွှေ့ပြီး Home ကိုနှိပ်ပါ. Warning တက်လာရင် Yes ကိုရွေးပေးပါ.. 
6. အားလုံးပြီးသွားရင်တော့ reboot system now ကိုရွှေ့ပြီး Home တစ်ချက်နှိပ်ပေးလိုက်ပါ.. ဖုန်းက Restart ကျသွားပြီး ပြန်တက်လာရင် SuperSu အသစ်စက်စက်ကလေးနဲ့ Root ပေါက်နေပါပြီ..

-----------
  SlimBean 4.2 သို့ အဆင့်မြင့်တင်ခြင်း 
1. Format ရိုက်ပြီး ဘာဖိုင်မှ မရှိတဲ့ SD Card ထဲမှာ JellyBean ဆိုပြီး ဖိုလ်ဒါ အသစ်တစ်ခု ထပ်ဆောက်လိုက်ပါ.. 
2. Jelly Bean Zip ကို ဒီမှာ Downloadရယူပါ.. ရလာတဲ့ဖိုင်ကို JellyBean ဆိုတဲ့ ဖိုလ်ဒါထဲသို့ထည့်လိုက်ပါ.. အဲဒီ SD Card ကို ဖုန်းထဲကို ထည့်လိုက်ပါ.. အားလုံးပြီးဘီဆိုတာနဲ့ ဖုန်းရဲ့ပါဝါကို လုံးဝပိတ်လိုက်ပါ..

3. ဖုန်းကို ပါဝါပိတ်လိုက်ပါ..ပြီးတာနဲ့ Power ခလုပ် + Volume Down + Home Button ကိုတစ်ပြိုင်
တည်းဖိလိုက်ပါ.. ပါဝါ စပွင့်လာပြီဆိုတာနဲ့ Power ခလုပ်ကို လွှတ်ပေးလိုက်ပါ Volume Down + Home Buttonကိုတော့ ငါး စက္ကန့်လောက်ကြာအောင် ဖိထားပြီး လွှတ်ပေးလိုက်ပါ.. CWM Recovery Mode ထဲသို့ ရောက်သွား ပါ လိမ့်မယ်.. 
4. အဲဒီထဲက Wipe data/Factory reset ဆိုတာကိုရွေးချယ်ပါ..
Complete ဖြစ်သွားတာနဲ့ Power Button ကိုနှိပ်ပြီး ပြန်ထွက်ပါ...
5. ပြီးရင်  Wipe cache ကိုရွေးချယ်ပါ.
Complete ဖြစ်သွားတာနဲ့ Power Button ကိုနှိပ်ပြီး ပြန်ထွက်ပါ..Complete ဖြစ်သွားတာနဲ့ Power Button ကိုနှိပ်ပြီး ပြန်ထွက်ပါ..
 6. ပြီးရင် Flash ZIP From SD Card >>> Choose ZIP From SD Card ကိုရွေးချယ်ပြီး SD Card
ထဲက Jelly Bean Folder ထဲက Download ရယူပြီး ထည့်ထားတဲ့ဖိုင်ကို Install လုပ်ပေးပါ... မိနစ်အနည်းငယ်စောင့်ပါ..Complete ဖြစ်သွားတာနဲ့ Power Button ကိုနှိပ်ပြီး.. Reboot system now ကိုနှိပ်ပေးလိုက်ပါ.. စက္ကန့်အနည်းငယ်စောင့်ပြီး ပြန်တက်လာတာနဲ့မိမိရဲ့ဖုန်းလေးဟာ Jelly Bean Version 4.2 လေးနဲ့လန်းသွားတာ ကိုတွေ့ရပါလိမ့်မယ်ခင်ဗျာ..


* ဒီပို့စ်ကို 18.5.2013 ရက်နေ့က တင်ထားတာဖြစ်ပါတယ်.. ဖိုင်တွေ လင့်ပျက်သွားပြီး ခုနောက်ပိုင်း နည်း အသစ်တွေ့လို့ ပြန်တင်ပေးလိုက်တာပါ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...